ငှက်ပုစဉ်းထိုး34W_c Oo Nn ac9Aa Pp tweh eP Bb Toual
| ငှက်ပုစဉ်းထိုး | |
|---|---|
| Chestnut headed Bee eater in Thailand | |
သဘာဝထိန်းသိမ်းခြင်း အခြေအနေ
| |
Least Concern (IUCN 3.1) | |
| သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း | |
| လောက: | Animalia
|
| မျိုးပေါင်းစု: | Chordata
|
| မျိုးပေါင်း: | Aves
|
| မျိုးစဉ်: | Coraciiformes
|
| မျိုးရင်း: | Meropidae
|
| မျိုးစု: | Merops
|
| မျိုးစိတ်: | M. leschenaulti
|
| ဒွိနာမ | |
| Merops leschenaulti Vieillot, 1817 | |
ငှက်ပုစဉ်းထိုး ငှက်ပုစဉ်းထိုးကို ပုစဉ်းထိုးဟူ၍လည်း ခေါ်သည်။ပါဏဗေဒ အမည်မှာ 'မီရော့ အိုရီတာလစ် ဗာမင်နပ်' ဖြစ်သည်။ တစ် ကိုယ်လုံးတွင် တောက်ပသောအစိမ်းရောင်ရှိသည်။ ဦးခေါင်းနှင့် အတောင်များ၌ ကြေးနီရောင် လွှမ်းနေသည်။ မျက်လုံးနီ၍ တောက်သည်။ အမြီး၏အလယ်၌ ၂ လက်မခန့်ထိုး၍ ထွက်နေ သော အမွှေးများရှိသည်။
ပုစဉ်းထိုးသည် ပျား၊ ပုစဉ်းနှင့် ပိုးမွှားများကို ပျံသန်းနေ စဉ်ပင် ဖမ်းယူစားတတ်သည်။ ကြေးနန်းကြိုး၊ သစ်ပင်၊ ချုံဖုတ် စသည်တို့တွင် နားနေတတ်သည်။ ပုစဉ်းထိုး၏ အသံမှာ သာယာသော်လည်း ပြောင်းလဲခြင်းမရှိ၍ ငြီးငွေ့ဖွယ်ကောင်း သည်။ သဲထူထပ်၍ ဒီရေမရောက်သော ပင်လယ်မြစ်ကမ်းပါး များတွင် နှုတ်သီးဖြင့်တွင်းတူး၍ ဥအုတတ်သည်။
ငှက်ပုစဉ်းထိုးများကို အီဂျစ်နိုင်ငံမှ ယိုးဒယားနိုင်ငံ၊ ကိုချင် ချိုင်းနားနိုင်ငံတို့အထိ အနှံ့အပြား တွေ့ရသည်။ မြန်မာနိုင်ငံ တွင် ကွင်းပြင်များ၌၎င်း၊ ထိုငှက်နှင့် သင့်လျော်သော အခြေ အနေရှိသည့် တောင်ကုန်းများ၌၎င်း တွေ့ရသည်။ အခြားထင်ရှားသော ငှက်ပုစဉ်းထိုးများမှာ ပုစဉ်းထိုး မြီးပြာနှင့် ပုစဉ်းထိုးခေါင်းညိုတို့ ဖြစ်သည်။ ပါဏဗေဒအရ ပုစဉ်း ထိုးမြီးပြာမှာ 'မီရော့ ဖိလစ်ပီနပ် ဖိလစ်ပီနပ်'ဖြစ်၍ ပုစဉ်းထိုး ခေါင်းညိုမှာ 'မီရော့ လေချင်နောလတီ လေချင်နော လတီ' ဖြစ်သည်။ ဤငှက် ၂ မျိုးလုံးကို အရှေ့တိုင်းနိုင်ငံများ တွင် အနှံ့အပြား တွေ့ရသည်။ [၁]
ပုံများ[ပြင်ဆင်ရန်]

in Kinnerasani Wildlife Sanctuary, Andhra Pradesh, India.

in Kinnerasani Wildlife Sanctuary, Andhra Pradesh, India.

in Kinnerasani Wildlife Sanctuary, Andhra Pradesh, India.
at Anamalai Tiger Reserve, Tamil Nadu India
ကိုးကား[ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)